Sunday, 21 March 2010

(1)ဟိုအကြောင်းဒီအကြောင်း

ပထမဆုံး စာစရေးတာ။ post ကိုမတင်တတ်သေးဘူး။ စန်းတ၀ါးဝါးနဲ့ ။ ပထမရိုက်ထားတဲ့စာမျက်နှာလဲ ဘယ်ကိုပျောက်သွားမှန်းမသိဘူး။ အကြောင်းအရာအတို ချုပ်ကတော့
ဒေသစံတော်ချိန် ၁နာ၇ီေ၇ှ့ ကိုတိုးတာရယ်။
ဒီနေ့ လမ်း ၃မိုင်လျှောက်တာရယ်။
ညစာ ဘာလုပ်စားတယ်ဆိုတာရယ်။
ဘု၇ားစာဆိုဖြစ်တဲ့အကြောင်း
ပြီးတော့ အရသာရှိတဲ့ အရက်အကြောင်း ။
Jade Goody ကင်ဆာနဲ့ သေတဲ့ အကြောင်း
၎င်းနောက် အတူတူနေ တဲ့ အမဲမလေးအကြောင်းရယ်။
နောက်ပြီး how dentist makes me nervous ၇ယ် ထုံဆေးကြောင့် ပါးစပ်ကြီးရွဲ့ နေတာရယ် ပြီးတော့ နောက်တပတ် Things to do နဲ့ blah blah blah blah တွေပါ။

စိတ်ညစ်တယ်။ အခုတော့ပျောက်သွားပြီ။

ကျိုင်းတောင်း။ မိုးနဲမြို့ နယ်။ ရှမ်းပြည်နယ်

(2)ကျိုင်းတောင်း။ မိုးနဲမြို့ နယ်။ ရှမ်းပြည်နယ်
၁၉၉၁

နေရာ ကျိုင်းတောင်း။ နန့် ပါမုန်းရွာ

ခရီးစဉ် ရန်ကုန်မှ တောင်ကြီး (တညအိပ်ခရီး) ။
တောင်ကြီးမှ မိုးနဲ။ (နေ့ တ၀က်ခရီး ဒတ်ဆန်းကားဖြင့် )
မိုးနဲမှ ကျိုင်းတောင်းသို့  (၂ညအိပ် ၃ရက်လမ်းလျှောက်ခရီး)


ဒေသထွက်ကုန် အုန်းဆီ၊ပဲပုတ်၊ခေါပုတ်၊ဇီးဖြူသီး၊ချဉ်စော်ကားသီး၊ plus malaria

စိမ့်စမ်းရေကြောင့်လား။ ခြင်ကြောင့်လား။ အစာကြေခက်တဲ့ ကောက်ညှင်းဆန်ဆန် (ရှမ်းဆန်)ကြောင့်လား။ လူမှန်းမသိအောင်အဖျားတွေတက်။ အလုပ်ထဲကိုစောင်ခြုံကြီးနဲ့ သွား ။ ငှက်ဖျားစားသွားတာ skin & bone သာကျန်သည်။ မိုးနဲ ဆေးရုံသို့ ပေါင်းမိုး လှည်းဖြင့်သွား
လမ်းမှာမိုးသီးတွေကြွေ။ လမ်းမှာ သတိမရတချက်ရတချက်။ မိုးနဲမြို့ ပေါ်ရောက်တော့ဆေးရုံက တောင်ကုန်းပေါ်မှာမို့ ကုန်တင်တဲ့ ၂ဘီးလှည်းပေါ်မှာ လိုက်ခဲ့ရ။ ဆေးရုံရောက်တော့ သတိမရ။ ပုလင်းကြီးချိတ်လိုက်တာ လခတ၀က်ကျိုးသွား ။ နွေရာသီလခ ၃လစာရောင်းပြီးလမ်းစရိတ်လုပ် အိမ်ပြန်ခဲ့ရသည်။


အရိုးပေါ် အရေတင်ပြီးပြန်လာ။ ရှေ့ ကြည့် ရင်ဘတ် နောက်ကြည့် ကျောကုန်း၊ အဆီအသားတွေပျက်ပျက်ပြုန်း၊ နောက်ဆုံးဆေးကုနိုင်လို့ ဦးနှောက်မပျက်တာ။ ကလိုရိုကွင်း၊ကွီနင်း ပဲကြီးလှော်လို မြို ချခဲ့ ရ။ လမ်းထိပ်က DR ကျော်မြင့် ပေးတဲ့ဆေးစွမ်းကြောင့်လား၊ အနာဂတ်အမောတွေကြောင့်လားမသိ ။သေချာတာက ဒုတိယအမပြောတဲ့ စကားတခွန်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ခဲတယ် သူ့ စကားက ချော်လဲတဲ့ နေရာမှာရောမထိုင်ရဘူးတဲ့ ။ ထနိုင်အောင်ပြန်ထရမယ်တဲ့။

ကျေးဇူးရှင်အမ ကျန်းမာပါစေ။

သူတို့ ငယ်နာမည်

(3)သူတို့ ရဲ့ ငယ်နာမည်များ (nick name)
အိညှပ်၊ပုံဆိုး၊တေမိ၊ဖုန်းဆိတ်၊ဒုံပိ၊ရေဘဲ၊အခြောက်

မောင်ဒမ (၇)ယောက်

အိညှက ပိန်ပိန်ဖြူဖြူ ၊ ပထမဆုံးသမီးကြီးမို့ မိဘ၂ပါးစလုံးရဲ့ အားထားရာ၊ အမကြီးအမိရာ ။ ရေဒီယိုကြော်ငြာကိုသူလိုက်ဆိုတာ အရမ်းရီရတယ် သွေးဆေးမွှေးမွှေးဆိုတာ။ မောင်နှမတွေအတွက် ရှေ့ ဆောင်လမ်းပြ ။ မိန်းခလေးဆန်တယ်။ တခါတခါတည်တည်ကြီးနေတတ်တယ်။ ဒါပေမဲ့သဘောကောင်းတယ်

ပုံဆိုး တကယ်တော့အရမ်းချော၊စိတ်ရောလူရော၊ ကြင်နာသနားတတ်တယ်၊ ဘာသာတရားကိုင်းရှိုင်းတယ်။စိတ်ရှည်တယ်။ အနစ်နာခံတယ် ။ သူသင်ပေးလို့ သင်္ချာတော်ခဲ့တယ်။ သူကြောင့်ဘ၀မှာ အယူအဆတွေပြောင်းခဲ့တယ်။ ကလေးချစ်၊ ခွေးချစ်၊ လူချစ်၊ အားလုံးကချစ်တဲ့  ဒုတိယအမ။

တေမိ ငယ်ငယ်တုန်းကစကားနည်းတယ်၊မာနကြီးတယ်၊စာတော်တယ်၊ ဟာသဥာဏ်ရွှငိတယ်။ အိမ်မှာအချောဆုံး၊ ခုထိလှတုန်း ။ စိတ်ဆတ်တယ်။ ဇွဲ ၇ှိတယ်။ သူလဲမိသားစုကို အရမ်းချစ်တယ်။ အပင်ပန်းအခံဆုံးဘဲ။

ဖုန်းဆိတ် (သံပေတလူး) ငယ်ငယ်ကအဆော့သန်တယ်၊ လက်အဆစ်လွဲအောင် မျောက်ရှုံးအောင်ဆော့တယ်။ လူလည်ကျတယ်။ အိမ်နောက်က ပလစတစ်ဝယ်တဲ့ဆိုင်ကို သွားပြီး ပလစတစ်မှာ ခဲလုံးေ၇ာ ပြီးရောင်းစားဘူးတယ်။ လူလိမ်နေအေးပေါ့ ။

ဒုံပိ (နှတ်ခမ်းမွှေးလေးနဲ့ ဂျစ်တူး) သူက tomboy လိုဘဲ။ ယောက်ျားလေးဆန်တယ်။ စာတော်တယ်။ သူ့ ကမိန်းခလေးတွေထဲမှာအငယ်ဆုံး။ စနေသမီး ဖြစ်ချင်တာကို ဖြစ်အောင်လုပ်တတ်တဲ့ ဇွဲ ၇ှိတယ်။ သူကဖျောင့်မတ်တယ်။ ငယ်ငယ်တုံးက နာဂ သီချင်း (တိုင်းရင်းသားအစီအစဉ်)လာရင် အင်္ကျီချွတ်ပြီး ကတတ်လို့ နာဂ နာမည်ရထားတာ

ရေဘဲ သူကတော့ ရေကူးတာဝါသနာပါလို့ ။ မူကြို တုန်း ကဆရာမကို ကြီးတဲ့ အထိ ကြောက်တယ်။ သူ့ ကို ဒုတိယအမ က စောတင်မောင်လို့ နာမည်ပေးတယ် (တွတ်ပီ ကာတွန်းထဲက လူပျိုကြီးရဲ့ နာမည်) ။မူလတန်းကျောင်းနေတုန်း က ကွမ်းမူးလာလို့ သူ့ သူငယ်ချင်း ကုလားလေး (ယာကျစ်ဟူစိန်) က ဂျိုင်းကနေတွဲ ပြီးအိမ်လာပို့ ပေးခဲ့ ၇ဘူးတယ်။ ဆူရလဲအခက် ရီရလဲ အခက်။

အခြောက် အဲဒီနာမည်က သူ့ အကို ရေဘဲ ကပေးထားတဲ့နာမည်။ ရေဘဲနဲ့ အခြောက်နဲ့ ကိုရင်ဝတ်တုန်းက တယောက်ကို တယောက်နာမည်ပြောင်နဲ့ စကြတာ ကိုရင် ၂ပါး နောက်ဆုံးရန်ဖြစ်ပြီး အမေ့ ဆီကိုလာတိုင်တယ်။ သူ့ ရဲသူငယ်ချင်းတွေကတော့သူ့ ကို ကုလားမလို့ ခေါ်တယ်။ သူ ပြောပြောနေတဲ့သူ့ သူငယ်ချင်းတွေရဲ့ နာမည်တွေက လဲ ကြက်ဖတဲ့၊ ဂန္ဒီတဲ့ ၊၀တ်ကြီး တဲ့ ဘာသဘောလဲမသိဘူး ။ ဒီ မောင်လေးအငယ်က ဒုတိယအမနဲ့ အတူဆုံး။ ချစ်စရာအကောင်းဆုံး။မောင်နှမတွေထဲမှာအသက်အငယ်ဆုံး ဒါပေမဲ့ အရပ်ကတော့၆ပေနီးပါးလောက်၇ှိမယ် အရပ်အရှည်ဆုံးဘဲ၊


သူတို့ တွေ နှလုံးစိတ်ဝမ်းချမ်းမြေ့ ပါစေ။
သတိရလျှက်

သံပေတလူး (ဖုန်းဆိတ်)

တပတ်ရစ် TV

(5)တပတ်ရစ် ရုပ်မြင်သံကြား
ဒီနေ့ မနက်ပိုင်း fleu jab (အအေးမိရောဂါ)ကာကွယ်ဆေး ဒုတိယအကြိမ်ထိုး တယ် နောက် dentist appointment ကိုသွားတယ်။ ထုံဆေး ကပြင်းလွန်းအားကြီးတယ် နောက်ထပ် treatment ၂ကြိမ်ထပ်သွားယူရဦးမယ်။

အိမ်ပြန်ရောက်တော့ ထုံဆေးအရှိန်နဲ့ မှိန်းပြီးနားနေတုန်း အမဲမလေး ဂျူနီယာ က ရုပ်မြင်သံကြားစပ်တူ ၀ယ်ဖို့  လာပြောတယ်။ ဒါ့ ကြောင့် ၂ယောက်သား မြို့ ထဲကို bus ကားနဲ့ သွားကြတယ်။ ၂၄ လက်မ thomson ရုပ်မြင်သံကြား second hand ကို ပေါင် ၅၀။ အငှားကားခ ၁၄ပေါင် စုစု ပေါင်း ၆၄ပေါင်။သူက ကျမကို ၂၄ကျပ် စိုက် သူက၄၀စိုက်မယ်တဲ့ ဒါပေမဲ့ ကျမဒီမြို့ ကပြောင်းရင်သူအပိုင်ယူမယ် တဲ့ ။ ကျမ သဘောတူလိုက်တယ်။

ရုပ်မြင်သံကြားကို သတင်းနဲ့ ကောင်းတဲ့ ဇာတ်လမ်းတွဲတွေသာ ကျမရွေးကြည့်တယ်၊ အင်တာနက်၊ကွန်ပျူတာနဲ့  သတင်းစာရှိနေရင် ကျမအတွက် လုံလောက်ပြီ။ အခုတလော ဒီက တီဗွီတွေမှာ ကြော်ငြာခနခနနှောက်ယှက် လွန်းလို့ မျက်စေ့နောက်တယ်။

ညနေဘက် ၀က်သားကင်၊လက်ဘက်သုတ်၊နဲ့  ပဲပြုတ်ကျော်နဲ့ ဂျူနီယာကို ကျမညစာကြွေးတယ်။ သူ ကတော့ တီဗွီ ရလို့ အရမ်းပျော်နေပုံဘဲ။ သူလဲ တီဗွီမကြည့်ရတာ ၃လနီးနီးရှိပြီဆိုတော့ နားလည်ပေးနိုင်ပါတယ်။ ဧည့်ခန်းကိုကျမအစီအစဉ်နဲ့  ဆိုဖါနေရာချ၊ တီဗွီ အင်တာနာကြိုးဆင် ။ ထမင်းစားစားပွဲနဲ့ ကုလားထိုင်တွေကို ကျမတစ်ယောက်ထဲ kitchen ကနေရွေ့  နဲ့ တော်တော်မောသွားတယ်။ သူကကိုယ်ဝန်နဲ့ ဆိုတော့ မရချရမလွယ်ဘူးလေ။

အငှားကားမောင်းတဲ့ သူ ကတော်တော်မာရေကျောရေရှိတဲ့ ဒီနိုင်ငံက လူဖြူ၊ ကျမတို့ ၂ယောက်ဝယ်လားတဲ့ တီဗွီအလေးကြီးကို ခြံဝနားထိဘဲချပေးတယ်။ ပြီးတော့ over charge လုပ်တယ်။ ခြံထဲကနေ့ ကျမတို့ နေတဲ့ basement flat ကို တော်တော်လေးအချိန်ပေးပြီးသယ်ရတယ်။ အလေးကြီးဘဲ။ တောမှာနေရတဲ့ ဒုက္ခက မသေးဘူး။

အင်တာနက်ကလဲ တနေကုန်မကောင်းဘူး။ စိတ်ပိန်တယ်။ အမဲမလေးနဲ့  future အစီအစဉ်တွေကို ပြောဖြစ်ကြတယ်။ ကျမ လေမိသားစုနဲ့ ဆုံချင်တယ်။ သူလဲဒီလိုဘဲ။ ထမင်းကိုစောင့်ကအကျက်နှေးသည်။ရေကို စောင့် ကအတက်နှေးသည်တဲ့ စောင့်ရတဲ့ဒုက္ခ ကအင်မတန်ကြီးတာဘဲ။

စောင့်ရတဲ့အချိန်တွေမြန်မြန်ကုန်ပါစေ။

ည၁၁နာရီ ၂၈မိနစ်ရှိသွားပြီ ။ နားဦးမည်။

I had a bad day

(7)7th April (I had bad day)
မနက်အစောကြီးထပြီးကားဂိတ်ကိုလမ်းလျှောက်သွားတယ်။ အလင်းရောင်ရှင်းရှင်းမမြင်ရတဲ့ မှုန်ပြပြဓါတ်တိုင်တွေရဲ့ အားကိုးနဲ့ လျှောက်လာခဲ့တယ်။ လမ်းတလျှောက် ဘုရားဂုဏ်တော်၊တရားဂုဏ်တော်နဲ့ သံင်္ဃာဂုဏ်တော်တို့ ကိုရွတ်လာခဲ့တယ် ။ ကားမှတ်တိုင်ရောက်လုနီး။မိနစ် ၂၀လောက်လမ်းလျှောက်အပြီးမှာ ခွေး၃ကောင်ကျောင်းတဲ့ လူ ကိုတွေ့ မှ အကြောက်ပြေသွားတယ် ။

ရဲစခန်းရှေ့ ကမှတ်တိုင်မှာ ဘစ်စကားစောင့်ရတယ် ကိုယ့်မြို့ ပေါ်ကိုသွားတဲ့ဘစ်ကားကအစောကြီးမထွက်လို့ တခြားမြို့ သွားတဲ့ဘစ်ကို စောင့် ရင်း ရဲစခန်းမျက်နှာစာတယ်လီဖုန်းနဲ့ ကပ်ထားတဲ့စာ က
"When this police station is closed you should make all enquires using the telephone below. Please lift the handset, press the button and wait for a response."
တဲ့။ ရဲစခန်းကိုကြည့်တော့ မီးတွေကလင်းထိန်လို့ ။ ကားကို မိနစ် အနည်းငယ်စောင့်ပြီး နောက်တမြို့ မှာ ရထားချိန်းတယ် အဲဒီနောက် မြို့ ကြီးကိုေ၇ာက်တော့ မနက် ၇နာရီ ၄၅မိနစ်၊ မြေပုံအားကိုးနဲ့ သွား၇မဲ့ ရုံးကိုရှာတယ်။ လမ်းတို လေးတွေကများတော့ မျက်စေ့ လည်ပြီး မတွေ့ နိုင်ဘူး။ ဖြတ်သွားဖြတ်လာလူတွေရယ်။ သတင်းစာအလကား လိုက်ပေးနေတဲ့ အဖိုးကြီးရယ်။ vitaminဖျော်ရည် အလကားပေးနေတဲ့ ကြော်ငြာကားရယ်ကိုမေးတယ်။ လူတွေက လုပ်လက်စအလုပ်တွေကိုရပ်ပြီး သေသေချာချာ findout လုပ်ပေးကြပေမဲ့ ကျမသွားမဲ့ ရုံးကိုသူ တို့ သေချာမညွန်တတ်ကြဘူး။

လမ်းတွေမှားပြီးနောက် မှာ Indian နဲ့ တူတဲ့ ရုံးသမားဖြစ်ဟန်တူတဲ့ လူတယောက်ကို မေးမိတယ်။ အဲဒီလူက သူသွားမဲ့ လမ်းနဲ့ တကျောထဲဘဲဆိုပြီး ကျမကိုလမ်းညွှန်ပေးတယ်။ ကျမကလမ်းပျောက်နေတာ မိနစ် ၃၀ ရှိသွားပြီ လို့ ပြောတော့ အံသြပြီး ဒီမှာကဒီလိုဘဲ နောက်ဆိုမမှားတော့ပါဘူးတဲ့။ ကျမကျေးဇူးတင်ကြောင်းပြောတော့ ကျွန်တော့် ကိုဆုတောင်းပေးဦးတဲ့ ။ ဘာမှန်းတော့ကျမ မသိတော့ have a nice day လို့ ပြောခဲ့တယ်။

ရုံးအောက်ရောက်တော့အမည်စရင်းသွင်းပြီးရုံးရှေ့ မှာစောင့် တယ်ရုံးက ၉နာရီဖွင့်၇မယ်ဆို ပေမဲ့ လူအရိပ်အရောင်ကို ၉နာရီခွဲ အထိမမြင်ရဘူး။ ရာသီဥတုက အရမ်းအေးတော့ခေါင်းတွေကိုက်လာတယ်။ ၀တ်ထားတဲ့ allstar ဖိနပ်ပါးထဲကကျမရဲ့ ခြေချောင်းတွေ ကျဉ်ပြီး ပူးကပ်နေလို့ ခြေထောက်ကိုခဏခဏ shake လုပ်နေမိတယ်။

၉နာရီ၄၀လောက်မှာ ရုံးက ဒရ၀မ်ပုံစုံလိုလို ။ officer လိုလို ပါကစ်စတန်လို လူက အလကားနေ၇င်းအားလုံးကို ဟောက်နေတာနဲ့ ငို ချင်ရက်လက်တို့ ဖြစ်နေတယ် ။ queue ပြန်လုပ်ဖို့ သူကပြောတော့ ကျမမုန်းတဲ့ နိုင်ငံက လူ (ယောက်ကျား)များဟာ ကျမတို့ မိန်းခလေးတွေကို တွန်းတိုက်ပြီး ရှေ့ေ၇ာက်အောင်တန်းစီ ကြတယ်။ အရင်နာမည်စရင်းရေးတုန်းက ကျမ က နံပါတ် ၆ အခုကျတော့ နံပါတ် ၃၀ကျော် နောက်ဆုံးမှာ။ ကျမနဲ့ အတူ မိန်းခလေးတွေအကုန်လုံး နောက်ဆုံးမှာ အဲဒီရုံးက တနေ့ ကိုမှ လူနည်းနည်းဘဲတွေတာ။ ကျမလက်လျှော့ပြီး မြို့ ထဲဘက်ကို ထွက်လာခဲ့တယ် ။ လမ်းမှာ မျက်ရည်ဝဲတယ်။ ငါ့ အနှဲ နော် အဆင်မပြေချင်တော့များဆို ပြီ။
နောက်ထပ်ကားတဆင့်စီးပြီး လက်မှတ်ထိုး၇မဲ့ ရုံးကို ရောက်တယ်။ ကျမရဲ့ သတ်မှတ်ချိန် က နေ့ လည် ၁နာ၇ီမှ ကျမေ၇ာက်တာက ၁၁နာရီလောက်မှာ အဲဒီမှာလဲ ဒရ၀မ်မ က ကျမကိုစိမ်းစိမ်းကြည့်ပြီး နင်ဝင်လို့ မရဘူးပြောတယ်။ အဲဒီရုံးကနေထွက်ပြီးကားဂိတ်ကို လမ်းလျှောက်ရင်ကျမ မျက်ရည်တွေ ထိန်းမရအောင် ကျလာတယ်။ အဲဒါနဲ့ သူငယ်ချင်းတယောက်ကိုဖုန်းဆက်ပြောတော့ ။ သူငယ်ချင်းက ကားပတ်စီးနေ ငိုတာကိုရပ်။ မြို့ ထဲကကြာကြာထိုင်လို့ ရမဲ့ first food ဆိုင် သို့ မဟုတ် coffee ဆိုင်မှာထိုင်ပြီးအချိန်ဖြုန်းဖို့ အကြံပေးတယ်။ ကျမလေ ဘာ့ကြောင့်အဲဒီလောက် ၀မ်းနည်းမှန်းမသိဘူး။
အိမ်ကိုပြန်ေ၇ာက်တော့ ညနေ ၅နာ၇ီခွဲပြီ။ ရင်ထဲမှာ အရမ်းကိုနာပြီးမောတယ်။ ကျမလေ အသက်အရွယ်နဲ့ ညီတဲ့ ရင့်ကျက်မှု တွေ ။ ခံနိုင်ရည်တွေရှိချင်တယ်။ ဒါတွေ အားလုံး က ကိုယ့်ဘာသာကိုယ် built လုပ်ရမှာနားလည်ထားပေမဲ့ ကျမခုထိ အားငယ်တတ်တုန်းဘဲ။

ကုသိုလ်ဒါန ပြုကြ သူငှါ

ဒီနေ့  8th April့ မောင်လေးအငယ်ဆုံးဆီက gmail နဲ့ ဓါတ်ပုံ attachment file တွေရတယ်။
မောင်လေး မနက်ဖြန် ဘုန်းကြီးဝတ်မယ်တဲ့ ကျေးဇူးရှင်အောင်မြေရတနာ ဆရာတော် ရဲ့ ကျောင်း မှာ ကောင်းကောင်းလဲ အဲဒီကျောင်းမှာကိုရင်ဝတ်တာ ၂ကြိမ်ရှိပြီ။

မောင်လေးနဲ့ သူရဲ့သူငယ်ချင်း တို့ မနက်ဖြန်မှာဝတ်ကြမယ်တဲ့ ။ ကျမအရမ်းအားကျတယ်။ ကျမလဲ အိမ်ပြန်ရောက်၇င် မယ်သီလ၀တ်ဖြစ်အောင်ကျိုးစားဦးမယ်။ တသက်မှာ တခါလောက် သာသနာ အလုပ်လုပ်ကြည့်ချင်တယ်။ ဓါတ်ပုံတွေကို ကျမဒီနေ့  organize လုပ်ပြီး ကျွန်ပျူတာထဲမှာ
ထည့် ထားတယ်။ တနေ့ နေ့ မှာ family album လေးကို အိမ်ကို ပို့ ပေးမလို့ ။

ခက်တာကဒီ laptop မှာ bluetooth device မပါဘူး။ အရင်ကျမသုံးတဲ့ samsoung notebook လေးမှာ ပါတယ်။ ဖုန်းထဲကပုံတွေကို ဒီကွန်ပျူတာထဲထည့်ဖို့ နည်းလည်းရှာရဦးမယ်။ cable ကလဲ london ကသူငယ်ချင်းဆီမှာ။ ဒီနှစ်သင်္ကြန်မှာလဲ အိမ်ကိုသတိရရင်ဘဲပေါ့။ အရင်နှစ်တွေတုန်းက အလုပ်ထဲမှာဆိုတော့ သင်္ကြန်ကျမှန်းမသိသာဘူး။ အပေါင်းအသင်းလဲ ၅ယောက် ၆ယောက်
လောက်ဘဲရှိတယ်။ အဲဒါတောင် ၂ ယောက်လောက်ဘဲ သူငယ်ချင်းပေါင်းပေါင်းတာ။ အရမ်းကိုအထီးကျန်ပါတယ် အဲ မှားလို့ အမကျန်ပါတယ်။

မောင်လေးကို သင်္ကန်းတောင်းနဲ့ တ၇ားနာ tape နဲ့ ဖမ်းလို့ ၇၇င် ဖမ်းယူပြီး ပို့ ပေးဖို့ ပြောထားတယ်။ he willtry the best တဲ့ ။ ရပ်ကွက်ထဲက ကလေးတွေကို လဲဖိတ်ဖို့ မမေ့၇န် ပြောထားသည်။
တော်သေးပြီ။ နားပါဦးမည်။
ယခု ည ၁နာရီ ၂၆မိနစ်။ အမေ့အိမ်တွင် မနက် ၇နာရီလောက်ရှိမည်။ ဆွမ်းချက်ဆွမ်းကပ်နှင့်အားလုံးအလုပ်ရှုပ်နေတော့မည်။ လွမ်းပါသည်။

်family joke, give me a smile

ကျမတို့ ညီအမတွေ ကလေးထိန်းကြသည်။ မောင်လေး ၂ယောက်ကိုထိန်းသည်
တူလေးနဲ့ ကောင်းငယ်လေး ကိုလဲအလုအယက် ထိန်း ကြသည်။ ကလေးတွေ စကားတတ်ကာစအရမ်းကိုချစ်ဖို့ ကောင်းသည်။ ကလေးတွေကို လူကြီးမိဘတွေက ကြီးလာရင်ဘာလုပ်မလဲ လို့ မေးတတ်ကြသည်။ မိဘများကြားချင်သည် အဖြေက ဘ၀အာမခံချက်ရှိသည့် ပညာတတ်အလုပ်များဖြစ်သည့် ဆရာဝန်ကြီးလုပ်မယ်၊ အင်ဂျင်နီယာကြီးလုပ် မယ်၊ ကျောင်းဆရာလုပ်မယ်၊ စသည့် အဖြေများ။
ကျမ မောင်အငယ်ဆုံးလေးလား၊ ကျမတူလေးလား မသိပါ။ လူကြီးများက သားကြီးလာရင်
အမေတို့ ကိုဘာလုပ်ကျွေးမတုန်း ဟုမေးရာ expected answer မှာ တခြား သူဖြေလိုက်သည်မှာ ကား
"မုန့် လက်ဆောင်း" တဲ့ ဒါလဲမှန်သည် သူအကြိုက်က မုန့် လက်ဆောင်းကို။

give me a smile -----