Sunday, 21 March 2010

Chess စွဲ တဲ့  ရောဂါ


ကျမ အခုတစ်လော chess ကို ညလုံးပေါက်နီးပါး ကစားဖြစ်တယ်။ ကွန်ပျူတာထဲက chess game စွဲတာဟာ နေမကောင်း ဖြစ်ရခြင်းမှာ ပါတဲ့ အကြောင်းတစ်ခု ဖြစ်မယ်လို့ ထင်မိပါတ်။ နောက်ပြီး တော့ မိုက်ကယ်ဂျက်ဆင် အကြောင်း update news တွေကို ရှာဖတ်ရတာလဲ နေ့ တိုင်းဘဲ။ ဘာကြောင့်မှန်းမသိဘူး။ ကျမ computer addited ဖြစ်နေတယ် ။ ညဘက်အိပ်ခါ နီးရောက်တိုင်း game ဖက်ကို လှည့်ဖြစ်နေမိတယ်။ သိစိတ်က မကောင်းဘူးဆိုတာ သိနေပေမဲ့  မသိစိတ်က game ဆော့ ချင်စိတ်ကို တားမရဘူး။ ပင်လယ်ရေ လို ဘဲ သောက်လေသောက်လေ ငတ်မပြေ ဖြစ်နေတယ်။ ဘယ်လို လုပ်ရမလဲမသိဘူး။ အသက်ကြီးမှ ကိုယ့် ကို ကိုယ် ဆုံးမလို့ မရတာ သိပ်ခက်တယ်။

တော်သေးပြီ။ ကျမ အမိုက်တုန်းကြီး နားပါဦးမည်။

No comments:

Post a Comment