Dr George Richie ကို 25th September 1923 အမေရိကန်နိုင်ငံ မှာမွေးဖွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်ချိန် (၁၉၃၉-၁၉၄၅) မှာ Pneumonia (အဆုတ်အအေးမိ) ရောဂါဟာ life threatening ဖြစ်ပြီး လူ့ အသက်ပေါင်းများစွာ ကို ဆုံးရှုံး ခဲ့ ကြ ရပါတယ်။ Virginia ဗာဂျင်းနီးယား Richmond မှာ ရှိတဲ့  medical classes ကိုတက်ဖို့ စောင့်နေတဲ့ Private George Richie ဟာ ၁၉၄၃ ခုနှစ် ဒီဇင်ဘာလ Texas ဆေးရုံမှာ George တစ်ယောက် Pneumonia (အဆုတ်အအေးမိ) ရောဂါနဲ့  ၉မိနစ်တိတိ သေဆုံးခဲ့ပါတယ်။ Richmond မှာရှိတဲ့ဆေးသင်တန်း တက်ရန်ပြင်နေတဲ့  George Richie ဟာ သင်တန်းမသွားမီ၊ ပြင်းထန်တဲ့  အဆုတ် အအေးမိရောဂါ ကို အလူးအလဲခံစား ခဲ့ရပါတယ်။ ၉မိနစ်တာ လူ လောကကြီး ကနေ ပျောက်ဆုံးသွားတဲ့  Private George Richie ရဲ့ ဖြစ်ရန်ဆန်းအတွေ့ အကြုံ ကို ဗွီဒီယို မှတ်တမ်း ရိုက်ထားတာ ရှိပါတယ်။ Private George Richie ရဲ့ သေရွာပြန်မှတ်တမ်းကို အောက်က Video မှာကြည့်ပါ။ ကာယကံရှင်ကိုယ်တိုင် ကိုယ်ကျပြောထားတာမို့  စိတ်ဝင်စားစရာ ကောင်းပါတယ်။ အသက် ၈၄နှစ် အရွယ် Dr George Richie တစ်ယောက် 29 October 2007 မှာ ကွယ်လွန်ခဲ့ပါပြီ။
မှတ်ချက် google video, wiki, my life after death မှ အချက်အလက်များကို ကိုးကားပြီး သည်post ကိုရေးပါသည်။
Sunday, 21 March 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment