Jill တို့ မောင်နှစ်မ ခြောက်ယောက်တွင် အမွှာ ၂စုံပါသည်။ ပထမအကို ကြီး နှင့် ဒုတိယ အမကြီး မှာ London မှ အဖိုးအဖွားများ အိမ်တွင် နေပြီး တတိယ နှင့် စတုတ္ထ (အမွှာ မောင်နှစ်မ) ၊ jill နှင့် James (အမွှာညီအစ်မ) လေးဦး တို့ မှာ မိဘ များနှင့် အတူ နေကြသည် ။
Jill ၅ နှစ်သမီး အရွယ်အရောက်တွင် မိခင်ဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားပြီး ၊ alcoholic ဖခင်က foster မိသားစု တစ်စု ထံမှ ပိုက်ဆံ အနည်းငယ် ယူပြီး သူ နှင့် James ညီအစ်မနှစ်ယောက်အား ထားခဲ့သည်။ သူမတို့  ညီအစ်မ နှစ်ဦး foster မိသားစု ထံတွင် နေရသည့် အချိန်သည် သူမတို့  အမွှာညီအစ်မ အဖို့  တကယ့် ဒုက္ခ ငရဲပင် ။
ရေ ပုံမှန် ချိုးခွင့်ရသည်။ ထမင်းဟင်း ဝလင်အောင် မစားရ ။ နေရောင် မမြင်ရသော အောက်သိုးသိုး အနံ့ အသက်နှင့် အခန်းလေးထဲတွင် ညီအစ်မ နှစ်ဦး ခေါင်းအုံးမပါ ၊ အခင်းမရှိ နှင့် အိပ်ရသည်။ ချမ်းအေးသော ရာသီ၌ အိမ်သားများ မီးလင်းဖို နားထိုင် နေချိန်တွင် ညီအစ်မ နှစ်ဦး အချမ်းသက်သာဖို့  တစ်ဦး ကို တစ်ဦး ဖက်ခါ နေရသည်။
အိမ်အလုပ်များ ကို မနားတမ်း လုပ်ရသည်။ အိမ်ရှင်များ ရှေ့ တွင် မော လို့ မှ မနားမယူ ရဲ ကြ ။ နားနေတာ မြင်လျှင် ဘာမှ မမေးဘဲ ရိုက်တတ်သည်။ အိမ်ကြီးရှင်များ၏ ဖိနပ်များကို ပြောင်နေအောင် တိုက်ရသည်။ ချမ်းချမ်း စီးစီး အချိန် တွင် အဝတ်များကို လျှော်ရသည်။ အိမ်အပြင် မထွက်ရ။ အိမ်အတွင်း၌ ခြေသံ ကြားအောင် လမ်းမလျှောက်ရ။ တစ်နေ့ တာအတွက် စားရသော အစား အသောက်မှာ အိမ်ရှင်များ သဒ္ဒါသမျှ ထုတ်ပေးသော မီးဖိုချောင်မှ လက်ကျန် အစာ များသာဖြစ်သည် ။
ဖခင် ဖြစ်သူ နောက်ထပ် အိမ်ထောင်ပြုလိုက်သော မိထွေးဖြစ်သူ သည် တဆင့်စကား တဆင့်နား ဖြင့် Jill တို့  အဖြစ်ကို ကြား ရသောအခါ သူမတို့  ညီအစ်မကို ကယ်ထုတ်ရန် ကြိုးစား တော့သည်။ Jill တို့ ၏ ဖခင်မှာ မိထွေးဖြစ် သူနှင့် အဆင် မပြေဖြစ်ပြီး Ireland သို့  ထွက်ခွာ သွားသည်မှာ ၂ နှစ်မျှ ပင် ရှိခဲ့ပြီး။
သွေးမတော် သားမစပ် မိထွေးဖြစ်သူသည် foster မိသားစု အိမ်မှာ မရှိခိုက်တွင် သူမတို့  ညီအစ်မကို တိတ်တဆိတ် ခိုးထုတ်ကာ သူမ ၏ အိမ်သို့ ခေါ် ခဲ့သည်။ အပြင်လောက နှင့် မထိမတွေ့ ဘဲ နေခဲ့ရသော James နှင့် Jill တို့  အမွှာ နှစ်ဦး အဖို့ မှာ မြင်သမျှ အရာရာ သည် တကယ့် အထူးအဆန်း ကြီးများ ဖြစ်နေသည်။
မိထွေးဖြစ်သူ သည် ကျောက်မီးသွေးဖြင့် ဖိုထားသော မီးဖိုကြီးဖြင့် ရေနွေး ကြိုကာ ၊ ရေအေး နှင့်ရောပြီး သူမတို့ နှစ်ဦးကို ရေချိုးပေးသည်။ ချေးအထပ်ထပ် ကပ်နေသော ရွှေရောင် ဆံပင် များကို လက်ဖြင့်ထိုးဖွကာ ကြင်နာစွာ လျှော်ပေးသည်။ ဝဲနာ များ အဝတ် ပွန်း နာများကို ဆေးထည့်ပေးသည်။ ညစာ ကျွေး ချိန်တွင် အငမ်းမရ စားနေသော သူမတို့ ညီအစ်မ နှစ်ဦးကို ကြည့်ကာ မိထွေး ဖြစ်သူမှာ မျက်ရည်ကျရသည်။
မိထွေးဖြစ်သူက သူတို့  ညီအစ်မ နှစ်ဦးကို သူ့ အိမ်တွင် ဝှက်ထားကာ ကျန်ကလေး နှစ်ဦး ဖြစ်သော Jill တို့ ရဲ့  တတိယ အစ်မ နှင့် အစ်ကို (အမွှာတစ်စုံ) ရှိနိုင်မည့် နေရာကို လိုက်စုံစမ်းသည်။ သို့ သော်ဘယ်မှာမှ စုံစမ်းမရ။
Sunday, 21 March 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment